back

ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့

May 02 • 1:22 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၀၉) သန်းရရှိခဲ့ကြောင်း မွေးမြူရေးန...

ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန် (၁၀၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၀၉) သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူးရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျားရည်တန်ချိန် (၇ဝဝဝ) ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေနဲ့ဖြင့် နှစ်စဉ် ပျမ်းမျှ တန်ချိန် (၂၆ဝဝ) ရှိကြောင်း သိရသည်။ ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ဆော်ဒီအာရေးဗျ နိုင်ငံတို့ထံ ပုံမှန်တင်ပို့နေပြီး ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ကြောင်း သိရသည်။



news-view-count-icon

43