မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အနီးကပ်နားထောင်ကာ အချိန်မီဖြေရှင်းပေးနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးခန်းကို ချောင်းဆုံမြို့နယ်ပါ တီရုံးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ထိုသို့ ရုံးခန်းဖွင့်လှစ်ရခြင်းမှာဒေသတွင်း ကြုံတွေ့နေရသည့် လူမှုစီးပွား အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချ က်များကို ပြည်သူများက ကိုယ်စားလှယ်များထံ တို-က်ရို-က်တင်ပြ ဆွေးနွေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသ ည်။အဓိက ဆောင်ရွက်ပေးမည့် ကိစ္စရပ်များအနေဖြင့် ဒေသတွင်း အမှန်တကယ် လိုအပ်နေသော အခြေခံအဆောက် အအုံဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူများ ကြုံတွေ့နေရသည့် နေ့စဉ်လူမှုဘဝ အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကြံပြုချက်နှင့် တင်ပြချက်များကို လက်ခံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။



