ပဲခူးတိုင်း၌ မန္တလေး ငလျင်ကြီးဒဏ်ကြောင့် အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သည့် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ မြို့ဟောင်း၏ အထင်ကရပြယုဂ်ဖြစ်သော ဘောဘောကြီးစေတီတော်ကို လက်ရှိတွင် ရှေးမူမပျက်ပြန်လည် ပြုပြင်လျက်ရှိကြောင်းသိရသည်။မြန်မာ့သမိုင်းဦး ပျူခေတ်ဗိသုကာလက်ရာများထဲမှ ထူးခြားသည့်ဆလင်ဒါပုံသဏ္ဌာန်အခြေခံ ငှက်ပျောဖူးပုံရှိသော ဘောဘောကြီးစေတီတော်သည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီဖြစ်ပြီး အဆိုပါစေတီတော်သည် ရာဇဝင်သမိုင်းများအရသရေခေတ္တရာမင်းဆက်၏ ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးဘုရင်မပန်ထွာမိဖုရားတို့၏ ‘ပွေးဖို၊ ပွေးမ’ဘ၀အကြောင်းအရာများနှင့် ဆက်စပ်ပြီး လူသိများထင်ရှားသည့် စေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။ငလျင်ဒဏ်ကြောင့် စေတီတော်၏ လုံးပတ်နေရာများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင်၊စေတီကိုယ်ထည်ပေါ်၌ ပေါက်ရောက်နေသော ညောင်ပင်ငယ်များသည်လည်း ရေရှည်တွင် အဆောက်အအုံကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့်အတွက် ထိန်းသိမ်းပြုပြင်ရန်လိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
May 01 • 2:49 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 61 | 0 | 0 | 0 |


