back

တရုတ်နိုင်ငံ၏ ဥပဒေပြုပုဂ္ဂိုလ်များက ဥပဒေမူကြမ်း ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များကို ကြားနာ

May 01 • 2:48 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ ဥပဒေပြုပုဂ္ဂိုလ်များက ဥပဒေမူကြမ်း ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များကို ကြားနာ

လက်ရှိကျင်းပလျက်ရှိသော တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အစည်းအဝေး၌ ဥပဒေမူကြမ်း အသီးသီးအား ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်းသော အစီရင်ခံတင်ပြချက်များကို ကြာ...

လက်ရှိကျင်းပလျက်ရှိသော တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အစည်းအဝေး၌ ဥပဒေမူကြမ်း အသီးသီးအား ဆွေးနွေးသုံးသပ်မှုများနှင့် စပ်လျဉ်းသော အစီရင်ခံတင်ပြချက်များကို ကြားနာသည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ သဘာပတိများကောင်စီ အစည်းအဝေးအား ယမန်နေ့၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။ယင်းအစည်းအဝေး၌ အကြီးတန်း ဥပဒေပြုပုဂ္ဂိုလ်များက အကျဉ်းထောင်ဥပဒေ မူကြမ်းပြင်ဆင်ချက်၊ လူမှုဖူလုံရေးဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပြင်ဆင်ထားသော ဥပဒေမူကြမ်းများအား ဆွေးနွေးသုံးသပ်ခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များကို ကြားနာခဲ့ကြသည်။ထို့ပြင် ကိုယ်စားလှယ်များ၏ အရည်အချင်းစိစစ်ခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြချက်များ၊ အမှုထမ်းများနှင့် သက်ဆိုင်သော ဥပဒေမူကြမ်းများ၊ အခြားဥပ‌ဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်မှုများကိုလည်း ကြားနာခဲ့ကြသည်။

news-view-count-icon

16