ထိုင်းလက်ဖက်ရည်အေး (Cha Yen) ဟာ TasteAtlas က ထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံး အရက်မပါတဲ့ အဖျော်ယမကာ ၁၀ မျိုးစာရင်းမှာ အဆင့် ၉ ချိတ်သွားပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က နောက်ဆုံးထွက်လာတဲ့ ဒီစာရင်းမှာ ထိုင်းလက်ဖက်ရည်အေးက အဆင့်သတ်မှတ်ချက် ၄.၃ ရရှိခဲ့ပြီး အိန္ဒိယက Mango Lassi နဲ့ Chai Masala လို နာမည်ကြီးအဖျော်ယမကာတွေနဲ့အတူ စာရင်းဝင်ခဲ့တာပါ။ ဒါ့အပြင် အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်ကော်ဖီအေးနဲ့ မလေးရှားက Teh Tarik တို့ကိုကျော်ပြီး အဆင့် ၁ နေရာကို ရယူထားနိုင်ပါတယ်။ဒီလက်ဖက်ရည်ရဲ့ ထူးခြားချက်ကတော့ လက်ဖက်ခြောက်အပြင်းစားကို နို့ဆီ ဒါမှမဟုတ် နို့စိမ်း၊ သကြားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ရောစပ်ပြီး ရေခဲနဲ့ ဖျော်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ လိမ္မော်ရောင်နဲ့ ချိုစိမ့်တဲ့ အရသာကြောင့် ကမ္ဘာတစ်ဝန်းမှာ လူသိများပြီး အခုဆိုရင် ထိုင်းနိုင်ငံရဲ့ လမ်းဘေးဈေးသည်တွေကနေတစ်ဆင့် ပြည်ပက စားသောက်ဆိုင်တွေအထိ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အစားအသောက် ကဏ္ဍကို ကမ္ဘာက ပိုသိလာအောင် ဆွဲဆောင်နိုင်တဲ့ Soft Power တစ်ခုလည်း ဖြစ်လာပါတယ်။
May 01 • 2:50 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 51 | 0 | 0 | 0 |


