ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်၊ ကမ္ဘာ့ကာယဗလပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲများတွင် ဆုတံဆိပ်အမြောက်အမြား ဆွတ်ခူးနိုင်ခဲ့ပြီး၊ အထူးသဖြင့် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၀ အပါအဝင် စုစုပေါင်းဆုတံဆိပ် ၅၉ ခုဖြင့် နိုင်ငံအလိုက် အဆင့် (၆) ရရှိခဲ့သည်။ နိုင်ငံတော်မှ တစ်ဦးချင်းရွှေတံဆိပ်ရရှိသူများကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ကျပ်သိန်း ၁၀၀ စီအပြင် အသင်းလိုက်ဆုရရှိသူများနှင့် နည်းပြများကိုလည်း သတ်မှတ်ထားသည့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတကာနှင့် အာဆီယံအဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားသမားများကို နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်
Feb 08 • 3:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


