back

"ဗြောသံ" ဇာတ်ကားဖြင့် ဒါရိုက်တာ ဩရသ ဒုတိယမြောက် အကယ်ဒမီဆုကို ဆွတ်ခူး

Feb 08 • 3:15 AM

breaking-news

မြန်မာ

နေပြည်တော်

cover

"ဗြောသံ" ဇာတ်ကားဖြင့် ဒါရိုက်တာ ဩရသ ဒုတိယမြောက် အကယ်ဒမီဆုကို ဆွတ်ခူး

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို "ဗြောသံ" ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ဒါရိုက်တာ ဩရသ က ရရှိသွားခဲ့ပြီး အဆိုပါဆုကို အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင...

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို "ဗြောသံ" ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ဒါရိုက်တာ ဩရသ က ရရှိသွားခဲ့ပြီး အဆိုပါဆုကို အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဖွင့်ဖောက်ကြေညာပေးခဲ့သည်။ ဒါရိုက်တာ ဩရသသည် ယခင်က "မုန်းစွဲ" ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ဖူးသူဖြစ်သဖြင့် ယခုဆုသည် ၎င်းအတွက် ဒုတိယမြောက် အကယ်ဒမီရွှေစင်ရုပ်ဆု ဖြစ်သည်။ "ရွှေနဒီရွှေရည်" ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး နေဝင်း၊ ဖြိုးငွေစိုး၊ ခင်ဝင့်ဝါနှင့် အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည့် "ဗြောသံ" ဇာတ်ကားသည် ဒါရိုက်တာ ဩရသ၏ ပြောင်မြောက်သော ရိုက်ကူးတင်ဆက်မှုကြောင့် ယခုကဲ့သို့ ထူးချွန်ဆုကို ထပ်မံရရှိခဲ့ခြင်းဖြစ်ပါသည်။

news-view-count-icon

30