ရခိုင်ပြည်မြို့နယ်များတွင် ဆိုင်ကယ်၊ ကားစသည့် ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာကြရန် တင်းကျပ်စွာစစ်ဆေးပြီး အရေးယူမှုများ လုပ်လာနေခြင်းကြောင့် ဆိုင်ကယ်အပို ပစ္စည်းများမှာလည်း ဈေးမြင့်တက်နေပြီး ပစ္စည်းပြတ်လပ်မှုများ ရှိနေကြောင်း သိရသည်။“ ဆိုင်အကြီးတိုင်းလိုလိုမှာ ပစ္စည်းတွေ ပြတ်နေတယ်။ ကျနော် ဆိုင်ကယ်ဘတ်မှန် တစ်စုံရှာတာ လုံးဝရှာမရဘူး။ နောက်ဆုံးမှာတော့ တုတ်တုတ်(အိန္ဒိယသုံးဘီး) ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်လာခဲ့ရတယ်။ ဘတ်မှန် တစ်စုံကို ငွေကျပ် ၃၀,၀၀၀ ကျော်နဲ့ ဝယ်လာခဲ့ရတယ် ” ဟု ကျောက်တော်ဒေသခံ အသက် ၂၅ နှစ် အရွယ် လူငယ်တစ်ဦးက ပြောသည်။ ယင်းအပြင် ဆိုင်ကယ်နောက်ကြည့်မှန်များသည် အတိုဆိုလျှင် ငွေကျပ် ၃၀,၀၀၀ ကျပ်နှင့် အရှည်ဆိုလျှင် ငွေကျပ် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ အမျိုးအစားအလိုက် ပေါက်ဈေး ရှိနေခြင်းဖြစ်သည်။
Feb 08 • 1:54 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 11 | 0 | 0 | 0 |


