တောင်ကိုရီးယား ဒီဂျစ်တယ် ငွေကြေး လဲလှယ်ရေးလုပ်ငန်း Bithumb က ဖောက်သည်တွေဆီ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ တန်ဖိုးရှိ bitcoin တွေကို မတော်တဆ လွှဲပေးခဲ့မိကြောင်း ဖေဖော်ဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။ရောင်းအား မြှင့်တင်ရေး ဆုကြေးအဖြစ် အဲဒီလို မတော်တဆ လွှဲပို့မိခဲ့ပြီးနောက် ငွေလဲလှယ်ရေး ဈေးကွက်မှာ ပြန်ထုတ်ရောင်းမှုတွေ သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီ မှားယွင်းမှုအတွက် Bithumb က ပြန်တောင်းပန်ထားပြီး လွှဲပေးလိုက်တဲ့ bitcoin ၆၂၀,၀၀၀ ထဲက ၉၉ ဒသမ ၇ ရာခိုင်နှုန်းကို ပြန်လည် ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။အဲဒီ bitcoin တွေရဲ့ တန်ဖိုးဟာ လက်ရှိ ပေါက်ဈေးအရ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ အထိ တန်ဖိုးရှိပါတယ်။ဖေဖော်ဝါရီ ၆ ရက်က မှားယွင်း လွှဲပို့ခဲ့ပြီးနောက် ၃၅ မိနစ်အတွင်း သက်ဆိုင်ရာ ဖောက်သည် ၆၉၅ ဦးနဲ့ အရောင်းအဝယ် လုပ်ခွင့် ငွေထုတ်ယူခွင့်တွေကို Bithumb က တားမြစ်ခဲ့ပါတယ်။အရောင်းမြှင့်တင်ရေး အခမ်းအနားအဖြစ် ဖောက်သည် တစ်ယောက်စီကို ကိုရီးယား ဝမ်ငွေ ၂,၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၃၄)လောက်ပဲ ပေးဝေဖို့ ကနဦး စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ဆုကြေးရသူတွေဟာ ကိုရီးယား ဝမ် ၂,၀၀၀ အစား bitcoin ၂၀၀၀ စီ လက်ခံ ရရှိခဲ့ကြတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြထားပါတယ်။ဒီဖြစ်ရပ်ဟာ ကွန်ပြူတာစနစ် ချိုးဖောက်ခံရတာနဲ့ လုံခြုံရေး ကျိုးပေါက်မှုကြောင့် မဟုတ်ဘူးလို့ Bithumbက ရှင်းပြထားပါတယ်။
တောင်ကိုရီးယား ဒီဂျစ်တယ်လုပ်ငန်းက အသုံးပြုသူတွေဆီ ဒေါ်လာ ၄၄ ဘီလီယံ တန်ဖိုးရှိ bitcoin တွေ မတော်တဆ ပေးပို့မိ
Feb 08 • 1:55 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


