back

ရှမ်းပြည်နယ်သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေ လွှမ်းမိုးလာမှုနဲ့ ကိုယ်ပိုင်ဘဝနဲ့ ရပ်တည်ဖို့ ခက်ခဲလာနေ

Feb 08 • 1:52 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေ လွှမ်းမိုးလာမှုနဲ့ ကိုယ်ပိုင်ဘဝနဲ့ ရပ်တည်ဖို့ ခက်ခဲလာနေ

ရှမ်းမြောက် သိန္နီမြို့ဟာ အုပ်ချုပ်သူအပြောင်းအလဲနောက်ပိုင်း တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက် မြို့တွင်းက အဆောက်အဦးတွေ တိုးလာပြီး စီးပွားရေးလုပ်ငန်းတွေ တ...

ရှမ်းမြောက် သိန္နီမြို့ဟာ အုပ်ချုပ်သူအပြောင်းအလဲနောက်ပိုင်း တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက် မြို့တွင်းက အဆောက်အဦးတွေ တိုးလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာသယောင် ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သိန္နီဒေသခံတွေကတော့ မြေယာတွေ ဆုံးရှုံးတာ၊ ကိုယ်ပိုင်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံစားနေရပါတယ်။“လောက်ကိုင်လို ပုံစံလုပ်နေတာလေ။ တရုတ်စာ၊ တရုတ်ငွေ သုံးတာ။ ဆိုင်ဆိုင်းဘုတ်ဆိုလည်း တရုတ်စာနဲ့ဘဲလေ” လို့ သိန္နီမြို့ခံ အသက် (၄၀) ကျော် ဦးသူရ (အမည်လွှဲ) က ပြောပါတယ်။“တရုတ်လုပ်ငန်းရှင်တွေ လိုချင်တဲ့နေရာဆို ငှားရင်ငှား၊ မငှားရင် ရောင်း၊ အဲလိုမဟုတ်ရင် သိမ်းတာဘဲလေ။ လယ်တွေ သိမ်းခံရတဲ့သူတွေလည်း အများကြီးဘဲလေ” လို့ ဆိုပါတယ်။

news-view-count-icon

19