back

ရှမ်းပြည်နယ်၌ TLEC က ယခု ပညာသင်နှစ်မှာ ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၅ သောင်းကျော် ပညာသင်ကြားပေးခဲ့

Feb 08 • 1:51 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၌ TLEC က ယခု ပညာသင်နှစ်မှာ ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၅ သောင်းကျော် ပညာသင်ကြားပေးခဲ့

ရှမ်းပြည်နယ်၌ တအာင်းပြည် ပညာရေးကောင်စီ - TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း ၅၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အဲကျောင်းတွေမှာ ကျောင်းသူ၊ ကျောင...

ရှမ်းပြည်နယ်၌ တအာင်းပြည် ပညာရေးကောင်စီ - TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း ၅၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အဲကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ၅၃,၆၅၃ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။စာသင်ကျောင်းတွေကို TLEC ရဲ့ ဆရာ၊ ဆရာမ အင်အား ၂,၈၇၅ ဦးနဲ့ မိုင်းယော်၊ နမ့်ဖက်ကာ၊ ၁၀၅ မိုင် (မူဆယ်) စတဲ့နေရာတွေမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ထုတ်ပြန်ချက်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ TLEC ကျောင်းပေါင်း ၆၀၃ ကျောင်း ဖွင့်လှစ်ခဲ့သလို ဆရာ၊ ဆရာမအင်အား ၃,၄၀၄ နဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၆၉,၀၆၄ ဦးကို ပညာရေး သင်ကြားပို့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ စာသင်ကျောင်း အရေအတွက်နဲ့ ဆရာ၊ ဆရာမ ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ထက် ၁၅ ရာခိုင်နှုန်းဆီ လျော့ကျလာပြီး ကျောင်းသူ၊ ကျောင်းသားဦးရေကတော့ ၂၂ ရာခိုင်နှုန်းလျော့ကျလာတာ ဖြစ်ပါတယ်။TLEC က အနာဂါတ်ပညာရှင်တွေ မွေးထုတ်ပေးတဲ့ Ta'ang Education Academy (TEA)ကျောင်း အပတ်စဉ် (၃) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီပလိုမာအဆင့် သင်တန်းကျောင်းကို အပတ်စဉ် (၂) အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်။

news-view-count-icon

19