back

လားရှိုးမှာ ရှော့တိုက်ဒုံးပေါက်ကွဲလို့ မြို့ခံတွေ ထိတ်လန့်

Feb 08 • 1:49 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးမှာ ရှော့တိုက်ဒုံးပေါက်ကွဲလို့ မြို့ခံတွေ ထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁၁) ရပ်ကွက်ထဲကို ဒီမနက် အစောပိုင်းက ရှော့တိုက်ဒုံးတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။အမှတ် ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁၁) ရပ်ကွက်ထဲကို ဒီမနက် အစောပိုင်းက ရှော့တိုက်ဒုံးတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။အမှတ် (၁၁) ရပ်ကွက်၊ ပညာရေးကောလိပ် အနောက်ခြမ်းမှာရှိတဲ့ နေအိမ် တလုံးပေါ်ကို ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေက ပြောပါ တယ်။"မနက် ရှစ်နာရီလောက်မှာ ကျတာ၊ အသံအကျယ်ကြီး ကြားရတယ်။ အဲဒါ လိုက်ရှာတော့ ပညာရေးကောလိပ် အနောက်က အိမ်ထဲမှာ တွေ့တာ။ ထိပ်ဖူးပဲကွဲလို့ တော်သေးတယ်"လို့ မြို့ခံတယောက်ကပြောပါတယ်။အခုလို ရှော့တိုက်ဒုံး ပေါက်ကွဲတာကြောင့် မြို့ခံတွေထိတ်လန့်နေကြတယ်လို့ လားရှိုးမြို့ခံ နောက်တယောက်ကပြောပါတယ်။ ပေါက်ကွဲမှုအတွင်းမှာတော့ နေအိမ်တလုံး အနည်းငယ် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ မြို့ခံတွေကပြော ပါတယ်။

news-view-count-icon

20