back

ပြည်တွင်းတွင် အင်အားအသင့်အတင့်ငလျင်များ ပျမ်းမျှတစ်နေ့တစ်ကြိမ်ခန့်လှုပ်ခတ်နေ

Feb 08 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် အင်အားအသင့်အတင့်ငလျင်များ ပျမ်းမျှတစ်နေ့တစ်ကြိမ်ခန့်လှုပ်ခတ်နေ

ပြည်တွင်းကိုဗဟိုပြုသည့် အင်အားအသင့်အတင့်ရှိသော မြေငလျင်များ ပျမ်းမျှတစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် လှုပ်ခတ်နေကြောင်း ပြည်တွင်းပြည်ပမိုးလေ၀သသတင်းများအရ သိရသည်...

ပြည်တွင်းကိုဗဟိုပြုသည့် အင်အားအသင့်အတင့်ရှိသော မြေငလျင်များ ပျမ်းမျှတစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် လှုပ်ခတ်နေကြောင်း ပြည်တွင်းပြည်ပမိုးလေ၀သသတင်းများအရ သိရသည်။ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အထိ တစ်ပတ်တာကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှတစ်ကြိမ်နှုန်းဖြင့် လှုပ်ခတ်နေခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့သည့် ဖြစ်စဉ်ပင်ရှိခဲ့ကြောင်း ငလျင်သတင်းစောင့်ကြည့်လေ့လာသူများက ဆိုသည်။“ဖေဖော်ဝါရီ ၅ ရက်ကလည်း တစ်ရက်တည်းတင် သုံးကြိမ်လှုပ်သွားတယ်၊ တစ်ပတ်အတွင်း ငလျင် သတင်းတွေ ပြန်လေ့လာကြည့်ရင်၊ တစ်ရက်ကိုပျမ်းမျှတစ်ကြိမ်စီလှုပ်နေတာတွေ့ရတယ်၊ ဒါ မိုး/ဇလသတင်းအရ ရှိသေးတာနော်၊ ပြင်ပသတင်းတွေအရဆိုရင် ဒီထက်မကဘူး၊ စေတုတ္တရာငလျင်နှစ်ခုဆက်တိုက်ဖြစ်စဉ်ကတော့ စိုးရိမ်စရာကိစ္စလို့တောင် ပညာရှင်တွေဘက်က မြင်ကြတယ်၊ ဘာလို့လဲဆိုတော့၊ စေတုတ္တရာက ဒီနေ့လည်း ထပ် လှုပ်တယ်၊ စေတုတ္တရာငလျင်ကြောင့် ပုဂံဘုရားတွေ အထိအခိုက်ရှိမရှိ အခုထိလိုက်စစ်နေကြတုန်းပဲ”ဟု မန္တလေး မြို့ခံလူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။


news-view-count-icon

25