ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းမှာ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA)က ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေနဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ကျောက်တော်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေအပြင် လူငယ်များစွမ်းရည်မြင့်မားစေရေးသင်တန်းတွေကိုလည်း ရက်တိုနဲ့ ရက်ရှည်ခွဲခြားပြီး ပို့ချပေးနေတယ်လို့ သိရပါတယ်။လူငယ်တွေကြားမှာ လူမျိုးရေးမခွဲခြားဘဲ အသိပညာဗဟုသုတတိုးတက်ရေးနဲ့ သဟဇာတဖြစ်တည်ရေးအတွက် အဲဒီသင်တန်းတွေကို ပြုလုပ်ပေးနေရတာလို့ KTYA ဥက္ကဋ္ဌ ကိုအောင်ဟိန်းလင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ကျောက်တော်လူငယ်များအစည်းအရုံးက လူမျိုး၊ ဘာသာမခွဲခြားဘဲ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေပေးနေ
Feb 08 • 1:47 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 10 | 0 | 0 | 0 |


