ပြည်တွင်း၌ အခြေခံကုန်ဈေးနှုန်း အဆမတန်မြင့်မားလာသည့်ဒဏ်ကြောင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရန်အတွက် အိမ်သုံးပစ္စည်းများကို ပြန်လည်ရောင်းထုတ်ပြီး ငွေဖော်လာကြသူများ သိသိသာသာ များပြားလာကြောင်း ပစ္စည်းဟောင်းဝယ်ယူသူများထံမှ သိရသည်။ လက်ရှိတွင် အလုပ်အကိုင်ရှားပါးခြင်းနှင့် ဝင်ငွေထက်ထွက်ငွေက ပိုမိုများပြားခြင်းကြောင့် စားဝတ်နေရေးနှင့် အရေးပေါ်ကျန်းမာရေးစရိတ်များအတွက် အိမ်ရှိရေခဲသေတ္တာ၊လေအေးပေးစက်၊တီဗွီ၊ အဝတ်လျော်စက် ၊ဖုန်း၊ နှင့် အခြားသောလျှပစ္စည်းများကို ထုတ်ရောင်းလာကြပြီး ဈေးနှုန်းအရလည်း ဝယ်ရင်းဈေးနှုန်းထက် အဆများစွာလျော့၍ ရောင်းချနေရကြောင်း သိရသည်။ "အရင်ကတော့ ပိုလို့ရောင်းတာမျိုးပဲရှိတာ။ အခုကတော့ ဒီလ ဆန်ဖိုး ဆီဖိုး မလောက်လို့ ရှိတဲ့ ရေခဲသေတ္တာလေး ထုတ်ရောင်းလိုက်ရတာ။ အရင်ဈေးနဲ့စာရင် အများကြီးအရှုံးခံရောင်းရပေမယ့် စားဖို့က အရေးကြီးနေတယ်" ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။
Feb 08 • 1:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


