မိတ်ကပ်ဆရာတစ်ဦးဖြစ်တဲ့ ကိုသာဂိကတော့ ဒီနှစ်ရွှေကြိုတွေကို မိတ်ကပ်လိမ်းခြယ်ပေးဖို့ တာဝန်ယူခဲ့ရတာပါ။ ကျောက်ဆည်ကနေ နံနက် ၁ နာရီထလာပြီး နေပြည်တော်ကို နံနက် ၇ နာရီအရောက်မောင်းခဲ့ပေမယ့် ရွှေကြိုတွေကတော့ စတင်ပြင်ဆင်မယ့်အချိန် ၈ နာရီထိအောင် လူအနည်းငယ်သာရောက်သေးကြောင်းပြောပါတယ်။ ဒါကြောင့် အချိန်လေးစားမှုရှိတဲ့ရွှေကြိုတွေကိုတော့ မှတ်သားထားပြီး အနာဂတ်မှာ ထွန်းလင်းတောက်ပလာမှာဖြစ်ကြောင်း ကိုသာဂိကပြောပါတယ်။



