တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် Laura Fernandez ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ကော်စတာရီကာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈ နှစ်တာကာလတစ်လျှောက်တွင် နှစ်ဖက်ဆက်ဆံရေးသည် အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကဏ္ဍအသီးသီး ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝဖြစ်ထွန်းရာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်-ကော်စတာရီကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို ယင်းမှာ ဖွံ့ဖြိုးတိုးတက်မှု၏ ယေဘုယျလမ်းကြောင်း၊ ပြည်သူများ၏စိတ်ဆန္ဒ ဖြစ်သည်ကို ဖြစ်ရပ်မှန်များက အပြည့်အဝ သက်သေပြုခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် Laura Fernandez ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့
Feb 08 • 1:37 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


