သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြိုလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။ဝန်ကြီးချုပ်က ယနေ့ကမ္ဘာဟာ Globalization ခေတ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် IT ကို အသုံးချပြီး တစ်နေရာမှတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံ လွယ်ကူစွာကူးလူးဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်လာကြကြောင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ ယှဉ်ပြိုင်နိုင်ရန် IT ကိုအသုံးချပြီး အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိနေကြပြီး ပြည်တွင်း ပြည်ပမှ အတတ်ပညာများ ရရှိရေးတွင်လည်း IT သည် အဓိကပင်ဖြစ်ပါကြောင်း၊ IT ပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးသည် လူသားအရင်းအမြစ် စွမ်းဆောင်နိုင်အားကို အပြည့်အဝအသုံးကျအောင် လုပ်ဆောင်ခြင်း(Making full use of Human Resource) သည် သာလျှင် အဓိကအချက်ဖြစ်သည်နှင့်အညီ အရည်အချင်းပြည့်မီသော IT ပညာရှင်များရရှိလာအောင် ကြိုစားသင်ကြားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြိုလေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်
Feb 08 • 1:39 AM
မြန်မာ
မကွေး
မျှဝေမည်
| 22 | 0 | 0 | 0 |


