back

တရုတ်နိုင်ငံ တောင်ပိုင်းရှိ အပန်းဖြေမြို့ ဆန်းရတွင် လေဆိပ်ဂိတ်အဆောက်အအုံသစ် ဖွင့်လှစ်

Feb 08 • 1:37 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ တောင်ပိုင်းရှိ အပန်းဖြေမြို့ ဆန်းရတွင် လေဆိပ်ဂိတ်အဆောက်အအုံသစ် ဖွင့်လှစ်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် အပူပိုင်းဒေသအပန်းဖြေမြို့ ဆန်းရရှိ ဆန်းရ ဖီးနစ်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ် ၃ အဆောက်အအုံက ဖေဖော်ဝါရီ ၆ ရက်၌စတင်၍ တရားဝင...

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် အပူပိုင်းဒေသအပန်းဖြေမြို့ ဆန်းရရှိ ဆန်းရ ဖီးနစ်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ် ၃ အဆောက်အအုံက ဖေဖော်ဝါရီ ၆ ရက်၌စတင်၍ တရားဝင်လုပ်ငန်းလည်ပတ်ခဲ့ပြီး ယင်းက လက်ရှိ နွေဦးပွဲတော် ခရီးသွားကာလအတွင်း ၎င်းလေဆိပ်၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးနိုင်စွမ်းများကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။အဆိုပါဂိတ်အ‌ဆောက်အအုံသစ်အပါအဝင် လေဆိပ်၏ ဂိတ်ဧရိယာ စုစုပေါင်းကို စတုရန်းမီတာ ၂၂၈,၀၀၀ အထိ တိုးချဲ့လိုက်ပြီဖြစ်ပြီး ၎င်းလေဆိပ်သို့ နှစ်စဉ် ခရီးသည် ဝင်ရောက်မှုအနေဖြင့် သန်း ၃၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း လေဆိပ်က ထုတ်ပြန်ခဲ့သည်။လေဆိပ်ဂိတ်အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းက လေဆိပ်၏ တိုးချဲ့မှုနှင့် ၎င်း၏ လုပ်ငန်းလည်ပတ်မှုပုံစံကို အဆင့်မြှင့်တင်ရာတွင် အဓိက ခြေလှမ်းတစ်ခုဖြစ်ကြောင်း လေဆိပ်က ထုတ်ပြန်ခဲ့သည်။

news-view-count-icon

9