ခရီးသွားလုပ်ငန်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာ၊ လုပ်သားရှားပါးမှု ပြဿနာနဲ့ ကုန်ကျစရိတ် မြင့်မားနေတာတွေကြောင့် ဒီနှစ်မှာ ထိုင်း စားသောက်ဆိုင်လုပ်ငန်းဟာ စိန်ခေါ်မှုများစွာနဲ့ ဆက်လက် ရင်ဆိုင်နေရပါတယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr Chanon က ခရီးသွား ဝင်ရောက်မှု အခြေအနေ မရေရာတာက ဆိုင်တွေအတွက် အခက်အခဲ ဖြစ်စေသလို ဝန်ထမ်းတွေကလည်း ခံစားခွင့်ပိုရတဲ့ ဆိုင်ကြီးတွေကိုပဲ ရွေးချယ်ကြတာမို့ ဆိုင်ငယ်လေးတွေမှာ လူမရှိတဲ့ ပြဿနာ ပိုဆိုးလာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းတွေက ကြော်ငြာခတွေ တောင်းလာတာကြောင့် ဆိုင်တွေရဲ့ လည်ပတ်စရိတ် ပိုတက်လာပါသည်။



