back

တရားမဝင်ငါးဖမ်းသည့် မြန်မာလုပ်သားကိုးဦးပါဝင်သော ငါးဖမ်းစက်လှေနှစ်စင်း မလေးရှားအာဏာပိုင်များ ဖမ်းဆီး

Feb 07 • 2:07 PM

breaking-news

မလေးရှား

ပြည်တွင်း

cover

တရားမဝင်ငါးဖမ်းသည့် မြန်မာလုပ်သားကိုးဦးပါဝင်သော ငါးဖမ်းစက်လှေနှစ်စင်း မလေးရှားအာဏာပိုင်များ ဖမ်းဆီး

မလေးရှားနိုင်ငံ ရေကြောင်းကင်းလှည့်တပ်ဖွဲ့ (MMEA) သည် တရားမဝင်ငါးဖမ်းမှုဖြင့် မြန်မာနိုင်ငံသားများ မောင်းနှင်လာသည့် ငါးဖမ်းလှေနှစ်စင်းကို ဖမ်းဆီးထိန်းသိမ်းလိုက်က...

မလေးရှားနိုင်ငံ ရေကြောင်းကင်းလှည့်တပ်ဖွဲ့ (MMEA) သည် တရားမဝင်ငါးဖမ်းမှုဖြင့် မြန်မာနိုင်ငံသားများ မောင်းနှင်လာသည့် ငါးဖမ်းလှေနှစ်စင်းကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် (သောကြာနေ့) က မလေးရှားကမ်းလွန်ရှိ ကျွန်းဆွယ်မြို့ငယ် တန်ဂျွန်ကရန် (Tanjung Karang) ၏ အနောက်တောင်ဘက် ရေမိုင် ၁၆ ဒသမ ၆ အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုအတွင်း အသက် ၂၄ နှစ်မှ ၅၀ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား စုစုပေါင်း ကိုးဦးအပြင် လှေနှစ်စင်းနှင့်အတူ ဖမ်းဆီးထားသော ငါးပိဿာချိန် ၂၇၀ ခန့် (၄၅၀ ကီလိုဂရမ်) ကိုလည်း သိမ်းဆည်းခဲ့သည်။



news-view-count-icon

3