ဂျပန်နိုင်ငံသည် သိပ္ပံစိတ်ကူးယဉ်ဇာတ် လမ်းများတွင် တွေ့ရတတ်သော စီမံကိန်းကြီးတစ်ခုကို အကောင် အထည်ဖော်ရန်မျှော်မှန်းနေကြောင်းသိရသည်။ လကမ္ဘာ၏ အီကွေတာတစ်လျှောက်တွင် နေရောင်ခြည်စွမ်းအင်သုံးဆို လာပြားများတပ်ဆင်ပြီး ကမ္ဘာမြေကို လျှပ်စစ်ဓာတ်အားပေးပို့မည့် Luna Ring စီမံကိန်းဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်း၏ အဓိကစိတ်ကူးသည် လကမ္ဘာ၏ အီကွေတာ လုံးပတ် (၁၁၀ဝဝ)ကီလိုမီတာတစ်လျှောက်တွင် ဆို လာပြား ခါးပတ်ကွင်းကြီးတစ်ခု တည်ဆောက်ရန်ဖြစ်ပြီး ကမ္ဘာမြေတွင်မိုးတိမ်ဖုံးခြင်း ညဘက်ရောက်သွားခြင်းမျိုး မရှိဘဲ လကမ္ဘာပေါ်မှနေရောင်ခြည်ကို (၂၄) နာရီကြာရရှိနိုင်မည်ဖြစ်သည်။



