back

ဂျပန်နိုင်ငံမြောက်ပိုင်းမှာ နှင်းထူထပ်စွာ ကျဆင်းပြီး လေပြင်းတိုက်ခတ်နေ

Feb 07 • 2:04 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံမြောက်ပိုင်းမှာ နှင်းထူထပ်စွာ ကျဆင်းပြီး လေပြင်းတိုက်ခတ်နေ

အလျင်အမြန်ဖြစ်ပေါ်လာနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ ဂျပန်၊ Hokkaido ခရိုင်ကို ချဉ်းကပ်လာနေပြီး ဖေဖော်ဝါရီလ ၆ ရက် သောကြာနေ့မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေကို ...

အလျင်အမြန်ဖြစ်ပေါ်လာနေတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဟာ ဂျပန်၊ Hokkaido ခရိုင်ကို ချဉ်းကပ်လာနေပြီး ဖေဖော်ဝါရီလ ၆ ရက် သောကြာနေ့မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဂျပန်နိုင်ငံက မိုးလေဝသအရာရှိတွေက ပြောကြားခဲ့ပါတယ်။ အခုသီတင်းပတ်အကုန်မှာ အဓိကအားဖြင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ နှင်းထူထပ်စွာ ကျဆင်းနိုင်တယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ နိုင်ငံမြောက်ပိုင်း အထူးသဖြင့် Hokkaido ခရိုင်မှာ နှင်းကျတာနဲ့ လေတိုက်တာတွေ ပိုပြီး ပြင်းထန်လာဖွယ် ရှိတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါသည်။


news-view-count-icon

0