back

ရွေးကော့က်ပွဲ အကြီးအကဲကို လက်သီးချင်းယှဉ်ထိုးရန် စိန်ခေါ်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်လောင်း

Feb 07 • 2:03 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရွေးကော့က်ပွဲ အကြီးအကဲကို လက်သီးချင်းယှဉ်ထိုးရန် စိန်ခေါ်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်လောင်း

ယခုလအတွင်း ကျင်းပမည့် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းတစ်ဦးအဖြစ် ယှဉ်ပြိုင်မည့် New Alternative ပါတီ ခေါင်းဆောင်သည် ပုံမှန်မဟုတ်သည့် မဲဆွယ်စည်းရ...

ယခုလအတွင်း ကျင်းပမည့် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းတစ်ဦးအဖြစ် ယှဉ်ပြိုင်မည့် New Alternative ပါတီ ခေါင်းဆောင်သည် ပုံမှန်မဟုတ်သည့် မဲဆွယ်စည်းရုံးမှုများအတွက် သတိပေးခံရပြီးနောက် ရွေးကောက်ပွဲကော်မရှင်အကြီးအကဲကို လက်သီးချင်းယှဉ်ထိုးရန် စိန်ခေါ်ခဲ့ကြောင်း Thaiger သတင်းတွင်ဖော်ပြသည်။ New Alternative ပါတီ ခေါင်းဆောင်သည် ၎င်းကိုထောက်ခံသူများနှင့်အတူ ဘန်ကောက်မြို့ရှိ ရွေး ကောက်ပွဲကော်မရှင်ရုံးချုပ်သို့ သွားရောက်ကာ ကော်မရှင် အတွင်းရေးမှူးချုပ်ကို စိန်ခေါ် ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို လူမှုကွန်ရက်တွင်လည်း live လွှင့်ပြသခဲ့သည်။ အငြင်းပွားမှုများကို ယောကျ်ား ဆန်ဆန်ဖြေရှင်းရန်အတွက် ရုံးအောက်သို့ဆင်းလာရန် မွန်ဂိုကစ်က ပြောဆိုခဲ့ပြီး ကော်မရှင်အတွင်းရေးမှူးချုပ်ကို လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်မည်ဟုလည်း စိန်ခေါ် ခဲ့သည်။




news-view-count-icon

9