back

ဂျပန်က ကျွန်းစုတွေမှာ အညိုရောင်သကြားအရက်ထုတ်လုပ်မှုတွေနဲ့ အလုပ်များ

Feb 07 • 2:02 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်က ကျွန်းစုတွေမှာ အညိုရောင်သကြားအရက်ထုတ်လုပ်မှုတွေနဲ့ အလုပ်များ

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းတွေက အရက်ချက်စက်ရုံတွေဟာ "kokuto shochu" တစ်နည်းအားဖြင့် သကြားအညိုကနေချက်တဲ့ အရက်တွေချက်လုပ်ဖို့ ပြင်ဆင်မှုတွေနဲ့ အလုပ်မျ...

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းတွေက အရက်ချက်စက်ရုံတွေဟာ "kokuto shochu" တစ်နည်းအားဖြင့် သကြားအညိုကနေချက်တဲ့ အရက်တွေချက်လုပ်ဖို့ ပြင်ဆင်မှုတွေနဲ့ အလုပ်များနေကြပါတယ်။ Kagoshima ခရိုင် Amami-Oshima ကျွန်း Tatsugo မြို့ရှိ အရက်ချက်စက်ရုံတစ်ခုက အလုပ်သမားတွေဟာ "moromi" လို့ခေါ်တဲ့ အရည်တစ်မျိုးပြုလုပ်ဖို့ ဒေသထွက် ကြံ ကရရှိတဲ့ အညိုရောင်သကြားကို အရည်ဖျော်ခဲ့ကြပါတယ်။ အဲဒီအရည်ကို သီတင်းနှစ်ပတ်လောက် အချဉ်ဖောက်ပြီးတဲ့နောက် ပေါင်းခံလို့ရှိရင် kokuto shochu ကို ရရှိမှာဖြစ်ပါတယ်။ အဲဒီအရက်ဟာ သူ့ရဲ့ချိုမြိန်တဲ့အနံ့နဲ့ သောက်လိုက်တဲ့အခါ လန်းဆန်းသွားစေတဲ့အရသာအတွက် လူသိများပါတယ်။ အဲဒါကို Amami ကျွန်းစုတွေမှာပဲ ထုတ်လုပ်ခွင့်ပြုထားပါတယ်။



news-view-count-icon

0