back

စင်ကာပူတွင် ထောင်ချ၊ PR ရုပ်သိမ်းပြီး နိုင်ငံကနှင်ထုတ်ခံရတော့မယ့် သရုပ်ဆောင်ဟောင်း Ian Fang

Feb 07 • 2:01 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် ထောင်ချ၊ PR ရုပ်သိမ်းပြီး နိုင်ငံကနှင်ထုတ်ခံရတော့မယ့် သရုပ်ဆောင်ဟောင်း Ian Fang

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ Mothership သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို ကာမစော်ကားခဲ့တဲ့ သရုပ်ဆောင်ဟောင်း Ian Fang ကို တရား...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ Mothership သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို ကာမစော်ကားခဲ့တဲ့ သရုပ်ဆောင်ဟောင်း Ian Fang ကို တရားစွဲဆိုထားတဲ့ အမှုတွေကို နစ်နာသူမိန်းကလေးရဲ့ မိသားစုက ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်‌။ စင်ကာပူနိုင်ငံမှာ အခြေချနေထိုင်ခွင့် PR ရှိခဲ့တဲ့ တရုတ်နိုင်ငံသား Ian Fang ဟာ အသက် ၁၄ နှစ်အရွယ် နစ်နာသူမိန်းကလေးနဲ့ ဖျော်ဖြေရေးပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့ပြီး အကြိမ်ကြိမ် ကာမစော်ကားခဲ့တာကြောင့် ၂၀၂၅ ခုနှစ် မေလမှာ ထောင်ဒဏ် ၄၀ လ ချမှတ်ခံထားရသူဖြစ်ပါတယ်‌။ အခုအခါမှာတော့ စင်ကာပူအစိုးရက သူ့ရဲ့ PR အဆင့်ကို ရုပ်သိမ်းလိုက်ပြီး ထောင်ကလွတ်တာနဲ့ တစ်ပြိုင်နက် စင်ကာပူနိုင်ငံထဲကနေ ထာဝရနှင်ထုတ် (Deport) တော့မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်‌။ ဒီလိုနှင်ထုတ်ခံရမယ့်အခြေအနေနဲ့ ထောင်ဒဏ်ကျခံနေရတာဟာ ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီလို့ မိသားစုက ယူဆတာကြောင့် အမှုတွေကို ဆက်မသွားတော့ဘဲ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါသည်။



news-view-count-icon

0