ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လယ်ကိုင်းရွာမှ ဒေသခံ(၄)ဦးကို အကြောင်းအရင်းမသိ ညဘက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ အဆက်သွယ်ပြတ်တောက်နေမှုကြောင့် မိသားစုနှင့် ဒေသခံများ စိတ်ပူနေကြောင်း ဒေသခံထံမှ သိရသည်။ဖမ်းဆီးခေါ်ဆောင်သွားခြင်း အကြောင်းရင်းကို မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေမှုကြောင့် မည်သူ့ထံ ဆက်သွယ်ရမှန်းမသိ အားကိုးရာမဲ့ဖြစ်နေကြောင်း သိရသည်။ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ(၄)ဦး ပြန်လည်လွတ်မြောက်လာစေရန် အဖွဲ့အစည်းများဘက်လည်း ကြိုးပမ်းပေးစေလိုကြောင်း ဒေသခံကတောင်းဆိုထားသည်။



