၂၀၂၅ခုနှစ်၊မိုးတွင်းကာလက ကျားဖြန့်ဂိုဏ်းသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲသို့ ရောက်လာကာ မှတ်ပုံတင်ပြပေးရုံဖြင့် ငွေ၃သောင်းပေးမည်ဟု စည်းရုံး၍ ခရမ်းပြည်သူ လေးပုံ တစ် ပုံခန့်၏ မှတ်ပုံတင်အချက်အလက်များ ရယူခဲ့ပြီးနောက် ယင်းမှတ်ပုံတင်အချက်အလက်များဖြင့် KBZ Pay နှင့် Wave Pay အကောင့်များဖွင့်ကာ ငွေသွင်းငွေထုတ်များ ပြုလုပ်ခဲ့ကြောင်း ယခုအခါ စစ် ကော်မရှင်က KBZ Pay အကောင့်များမှတစ်ဆင့် ကျားဖြန့်ဂိုဏ်းအတွက် ငွေလွှဲငွေထုတ်ပြုလုပ်ပေး နေသူများနှင့် ထိုအကောင့်များအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် မှတ်ပုံတင်ကတ်ပိုင်ရှင်များကိုပါ လိုက်လံဖမ်းဆီးနေကြောင်း ထုတ်ပြန်သည်။ကျားဖြန့်ဂိုဏ်းသည် သက်ကြီးပိုင်းများကို အဓိကပစ်မှတ်ထားကာ မှတ်ပုံတင်ပြခိုင်းပြီး မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ကာ မှတ်ပုံတင်ပိုင်ရှင်ရှေ့မှာပင် KBZ Pay နှင့် Wave Pay ဖွင့်သွားကြကြောင်း သိရ သည်။



