back

ဆန်တစ်အိတ်စျေးနှုန်းသည် အခြေခံဝန်ထမ်းတစ်လစာဝင်ငွေထက်များသည့် အခြေအနေသို့ ရောက်ရှိ

Feb 07 • 1:41 PM

breaking-news

မြန်မာ

ရှမ်း

cover

ဆန်တစ်အိတ်စျေးနှုန်းသည် အခြေခံဝန်ထမ်းတစ်လစာဝင်ငွေထက်များသည့် အခြေအနေသို့ ရောက်ရှိ

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်၏ စျေးနှုန်းသည် ကျပ်နှစ်သိန်းကျော်အထိ ရောက်ရှိလာပြီး၊ အချို့နေရာများတွင် နှစ်သိန်းခွဲဝန်းကျင်အထိ ဆက်လက် မြင့်တက်လာနေကြ...

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်၏ စျေးနှုန်းသည် ကျပ်နှစ်သိန်းကျော်အထိ ရောက်ရှိလာပြီး၊ အချို့နေရာများတွင် နှစ်သိန်းခွဲဝန်းကျင်အထိ ဆက်လက် မြင့်တက်လာနေကြောင်း သိရသည်။ ယင်းစျေးနှုန်းသည် အခြေခံဝန်ထမ်းတစ်ဦး၏ တစ်လစာ ဝင်ငွေနှင့် နီးစပ်လာနေသဖြင့် စားသုံးသူများအတွက် အခြေခံအစားအသောက်ကိုတောင် လုံလောက်စွာ ဝယ်ယူနိုင်ရန် ခက်ခဲလာနေကြောင်း သိရသည်။ပေါ် ဆန်းမွှေး ဆန်အဟောင်း ခြောက်ပြည် ၆၀၀၀၀ ကျပ် ၊ အသစ် ခြောက်ပြည် ၅၃၀၀၀ ကျပ် ဖြစ်ကာ ယခင်နှစ်ကထက် စျေးနှုန်း ခုန်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို့အပါအဝင် မြို့ပြဒေသများတွင် လုံခြုံရေးဝန်ထမ်း၊ ဆိုင်ဝန်ထမ်းများ၏ လစာမှာ တစ်လလျှင် ကျပ် သုံးသိန်း ဝန်းကျင်သာ ရရှိနေကြပြီး၊ အချို့ဝန်ထမ်းများမှာ အစမ်းခန့်ကာလအတွင်း တစ်လ ကျပ် တစ်သိန်းခွဲခန့်သာ ရရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် အခြေခံစားသောက်ကုန် စျေးနှုန်းများ ဆက်လက် မြင့်တက်နေပါက အိမ်ထောင်စုများ၏ စားနပ်ရိက္ခာ လုံလောက်မှုကိုပါ ထိခိုက်လာနိုင်ပြီး လူမှုရေး အခက်အခဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။





news-view-count-icon

27