back

ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ရာပြည့်အကြို (၉၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စည်ကားစွာကျင်းပ

Feb 07 • 3:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ရာပြည့်အကြို (၉၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စည်ကားစွာကျင်းပ

မြန်မာနိုင်ငံ၏ ပထမဆုံး အနောက်တိုင်းဆေးပညာသင်ကြားရာဌာနဖြစ်သည့် ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ရာပြည့်အကြို (၉၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို လမ်းမတော်နယ်မြေ၌...

မြန်မာနိုင်ငံ၏ ပထမဆုံး အနောက်တိုင်းဆေးပညာသင်ကြားရာဌာနဖြစ်သည့် ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ရာပြည့်အကြို (၉၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို လမ်းမတော်နယ်မြေ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၇ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက်တော့မည့် အဆိုပါတက္ကသိုလ်သည် ယနေ့အထိ ဆေးပညာဘွဲ့ (MBBS) ရရှိသူ ၂၀,၂၄၂ ဦး အပါအဝင် ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ရရှိသူ အမြောက်အမြားကို မွေးထုတ်ပေးခဲ့ပြီး၊ လက်ရှိတွင် ဆေးပညာသင်တန်းပေါင်း ၈၀ ကျော်ကို ပို့ချပေးလျက်ရှိသည်။ အခမ်းအနားတွင် သမိုင်းဝင်မှတ်တမ်းပြခန်းများ၊ စာပေနှင့် အနုပညာပြပွဲများအပြင် ဈေးရောင်းပွဲတော် (Funfair) အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

15