back

EU ၏ MADE in Myanmar စီမံကိန်းမှတစ်ဆင့် မြန်မာအလုပ်သမား ၂ သိန်းကျော်ကို ထောက်ပံ့ပေးလျက်ရှိ

Feb 07 • 3:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

EU ၏ MADE in Myanmar စီမံကိန်းမှတစ်ဆင့် မြန်မာအလုပ်သမား ၂ သိန်းကျော်ကို ထောက်ပံ့ပေးလျက်ရှိ

ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေထောက်ပံ့ထားသည့် MADE in Myanmar စီမံကိန်းသည် လက်ရှိတွင် စက်ရုံပေါင်း ၁၉၅ ခုနှင့် ပူးပေါင်းကာ အထည်ချုပ်နှင့် ထုတ်လုပ်ရေးလုပ်ငန်းမှ အလ...

ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေထောက်ပံ့ထားသည့် MADE in Myanmar စီမံကိန်းသည် လက်ရှိတွင် စက်ရုံပေါင်း ၁၉၅ ခုနှင့် ပူးပေါင်းကာ အထည်ချုပ်နှင့် ထုတ်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၂၁၈,၅၀၀ ခန့်ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့၌ MADE Buyers’ Forum 2026 ကို ကျင်းပခဲ့ရာ နိုင်ငံတကာအမှတ်တံဆိပ်များ၊ စက်ရုံကိုယ်စားလှယ်များနှင့် အလုပ်သမားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး၊ တာဝန်ယူမှုရှိသော ဝယ်ယူမှုစနစ်၊ အလုပ်သမားစံနှုန်းများ၊ ကလေးလုပ်သားကာကွယ်ရေးနှင့် လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ EU Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းကဏ္ဍ ကြံ့ကြံ့ခံရပ်တည်နိုင်ရန်နှင့် အလုပ်သမားအခွင့်အရေးများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

news-view-count-icon

17