back

တောင်ကိုရီးယားတွင် အရွယ်ရောက်ခြင်းအထိမ်းအမှတ်နေ့ ကျင်းပ

Feb 07 • 3:55 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားတွင် အရွယ်ရောက်ခြင်းအထိမ်းအမှတ်နေ့ ကျင်းပ

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလသည် ပညာသင်နှစ်ကုန်ဆုံးသည့်ကာလဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ၌ ကျောင်းဆင်းပွဲ အခမ်းအနားများကို စည်ကားစွာ ကျ...

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလသည် ပညာသင်နှစ်ကုန်ဆုံးသည့်ကာလဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ၌ ကျောင်းဆင်းပွဲ အခမ်းအနားများကို စည်ကားစွာ ကျင်းပလျက်ရှိသည်။ ဆယ်ကျော်သက်လူငယ်များသည် ကျောင်းဝတ်စုံများကို နောက်ဆုံးအကြိမ် ဝတ်ဆင်ကာ အောင်လက်မှတ်များရယူပြီး ဆရာ၊ မိဘ၊ သူငယ်ချင်းများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ပန်းစည်းများပေးအပ်ခြင်းတို့ဖြင့် ဘဝမှတ်တိုင်တစ်ခုကို စိုက်ထူကြသည်။ယင်းနှင့်အတူ အသက် ၁၉ နှစ်ပြည့်ပြီးသူများကို လူလားမြောက်သူများအဖြစ် တရားဝင်အသိအမှတ်ပြုသည့် "အရွယ်ရောက်ခြင်းအထိမ်းအမှတ်နေ့" ကိုလည်း ဆင်နွှဲကြသည်။ ယခင်က ရိုးရာဝတ်စုံများဝတ်ဆင်ကာ ဆံပင်ထုံးဖွဲ့မှုပုံစံပြောင်းလဲခြင်းစသည့် ရှေးထုံးတမ်းများအတိုင်း ကျင်းပခဲ့သော်လည်း၊ ခေတ်သစ်ကာလတွင်မူ နှင်းဆီပန်း၊ ရေမွှေးနှင့် အနမ်းတစ်ခု စသည့် အထိမ်းအမှတ်လက်ဆောင် ၃ မျိုးကို အဓိကပေးအပ်ကာ လူငယ်များ၏ လွတ်လပ်ခွင့်နှင့် တာဝန်ယူမှုများကို ဂုဏ်ပြုကြခြင်းဖြစ်ပါသည်။

news-view-count-icon

8