ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်သည့် ၂၀၂၆ နွေဦးပွဲတော်အကြို မိတ်ဖက်တွေ့ဆုံပွဲ၌ Western Land–Sea New Corridor လမ်းကြောင်းသည် မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရာတွင် များစွာအထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ ချုံချင့်မြို့သည် တရုတ်နိုင်ငံအနောက်ပိုင်းနှင့် အရှေ့တောင်အာရှ၊ တောင်အာရှတို့ကို ဆက်သွယ်ပေးသည့် အရေးပါသော ကုန်စည်ပို့ဆောင်ရေးဗဟိုချက်ဖြစ်ပြီး၊ ယင်းစင်္ကြံလမ်းနှင့် China–Europe Railway Express တို့မှတစ်ဆင့် နိုင်ငံတကာဆက်သွယ်မှုများကို ခိုင်မာစေလျက်ရှိရာ နောင်အနာဂတ်တွင် မြန်မာ-ချုံချင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
Western Land–Sea New Corridor သည် မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ တင်ပို့ရန် ပိုမိုလွယ်ကူချောမွေ့စေဟုဆို
Feb 07 • 3:26 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


