ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စတုတ္ထအသုတ်အဖြစ် မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို တပ်မတော်လေယာဉ်များဖြင့် ထပ်မံလွှဲပြောင်းခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ယနေ့တွင် မြိတ်မြို့သို့ ၅၉ ဦးနှင့် ရန်ကုန်မြို့သို့ ၂၀၈ ဦး အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြပြီး၊ ဇန်နဝါရီ ၂၃ ရက်မှစတင်ခဲ့သည့် ဤလုပ်ငန်းစဉ်အရ ယနေ့အထိ နေရပ်ပြန်ခေါ်ဆောင်နိုင်ခဲ့သူ စုစုပေါင်း ၉၉၆ ဦးရှိပြီဖြစ်ကာ ၎င်းတို့အား သက်ဆိုင်ရာမှ ကိုယ်ရေးအချက်အလက်မှတ်တမ်းတင်ခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ထပ်မံခေါ်ဆောင်
Feb 07 • 3:15 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


