ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်၌ ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ကာ ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံသားဟု ယူဆရသူ ၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရသူများမှာ MR. YOUK HONG KYONE၊ MS. WANG PAUK YEE နှင့် Mr. YAN HTONE SON တို့ဖြစ်ကြပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များတွင် လောက်ကိုင်၊ ကွတ်ခိုင်နှင့် လားရှိုးမြို့များ၌ မွေးဖွားသူများအဖြစ် ဖော်ပြထားကာ ရန်ကုန်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသော်လည်း အဆိုပါ လက်မှတ်များမှာ အစစ်အမှန်ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များထံသို့ အတည်ပြုချက်တောင်းခံထားရာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ပြည်ပထွက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားဟု ယူဆရသူ ၃ ဦးကို သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီး
Feb 07 • 3:14 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


