back

ထရန်ဆဲလ်ဗေးနီးယားအိုးပင်း ဆီမီးဖိုင်နယ်သို့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ တက်ရောက်

Feb 07 • 3:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထရန်ဆဲလ်ဗေးနီးယားအိုးပင်း ဆီမီးဖိုင်နယ်သို့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ တက်ရောက်

ရိုးမေးနီးယားနိုင်ငံတွင် ကျင်းပနေသည့် ထရန်ဆဲလ်ဗေးနီးယားအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ၌ ဗြိတိန်အဆင့် ၁ တင်းနစ်မယ် အမ္မာရာဒူကာနူသည် ပိုလန်တင်းနစ်မ...

ရိုးမေးနီးယားနိုင်ငံတွင် ကျင်းပနေသည့် ထရန်ဆဲလ်ဗေးနီးယားအိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ၌ ဗြိတိန်အဆင့် ၁ တင်းနစ်မယ် အမ္မာရာဒူကာနူသည် ပိုလန်တင်းနစ်မယ် ချူလင်းစကာကို ၆-၀၊ ၆-၄ ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပါသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ရာဒူကာနူအတွက် ယခုအောင်မြင်မှုသည် ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ပြီးနောက်ပိုင်း ၄ ကြိမ်မြောက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြင်းဖြစ်ပြီး၊ ဩစတြေးလျအိုးပင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြနှင့်လမ်းခွဲခဲ့သော်လည်း လက်ရှိပြိုင်ပွဲတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လည်ခြေစွမ်းပြနေခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်အဆင့်တွင် ရာဒူကာနူသည် ယူကရိန်းတင်းနစ်မယ် အိုလီယန်နီကိုဗာနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ မိမိ၏စွမ်းဆောင်ရည်အပေါ် များစွာကျေနပ်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။

news-view-count-icon

14