back

တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အားပေး

Feb 07 • 3:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အားပေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရာ နိုင်င...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စိန်ရတုတိုင်အောင် ခိုင်မြဲခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်အပေါ် အခြေခံသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးပြောကြားခဲ့ပြီး၊ တရုတ်သံအမတ်ကြီး H.E. Ma Jia ကလည်း နှစ်သစ်ကူးဆုမွန်ကောင်းစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများသည် တရုတ်ရိုးရာ ယဉ်ကျေးမှုအဆိုအက ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

12