ကချင်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအတွက် ရည်ရွယ်သည့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးအား စက်သုံးဆီကိုင်တွယ်နည်းများ၊ မီးဘေးကာကွယ်ရေးနှင့် ရေနံဥပဒေ၊ ညွှန်ကြားချက်များကို အသေးစိတ်ပို့ချခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်မှစ၍ ယနေ့အထိ ဤကဲ့သို့သောသင်တန်း (၄) ကြိမ် ဖွင့်လှစ်ခဲ့ရာ ကျွမ်းကျင်သူ (၁၁၀) ဦးကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကာ ရှေ့ဆက်၍လည်း စက်သုံးဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
Feb 07 • 3:05 AM
မြန်မာ
ကချင်
မျှဝေမည်
| 13 | 0 | 0 | 0 |


