back

ONE Friday Fights 141 တွင် မြန်မာကစားသမား ၄ ဦးစလုံး ရှုံးပွဲကြုံတွေ့ခဲ့ပြီး ၃ ဦးမှာ ပထမအချီ၌ပင် အလဲထိုးခံခဲ့ရ

Feb 07 • 3:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ONE Friday Fights 141 တွင် မြန်မာကစားသမား ၄ ဦးစလုံး ရှုံးပွဲကြုံတွေ့ခဲ့ပြီး ၃ ဦးမှာ ပထမအချီ၌ပင် အလဲထိုးခံခဲ့ရ

ယမန်နေ့က ကျင်းပခဲ့သည့် ONE Friday Fights 141 ပြိုင်ပွဲတွင် ဝင်ရောက်ထိုးသတ်ခဲ့သော မြန်မာကစားသမားလေးဦးစလုံး ပြိုင်ဘက်များကို အရေးနိမ့်ခဲ့ရာ မွေထိုင်းဖလိုင်းဝိတ်တန...

ယမန်နေ့က ကျင်းပခဲ့သည့် ONE Friday Fights 141 ပြိုင်ပွဲတွင် ဝင်ရောက်ထိုးသတ်ခဲ့သော မြန်မာကစားသမားလေးဦးစလုံး ပြိုင်ဘက်များကို အရေးနိမ့်ခဲ့ရာ မွေထိုင်းဖလိုင်းဝိတ်တန်းတွင် ရဲရင့်နောင်က မလေးရှားကစားသမား ဂါဇာလီကို အမှတ်ဖြင့် အရေးနိမ့်ခဲ့ပြီး၊ ကျန်ကစားသမားများဖြစ်ကြသည့် လင်းထက်အောင်၊ စိုးနောင်ဦးနှင့် စောမင်းမင်းတို့မှာမူ ပြိုင်ဘက်များ၏ အလဲထိုးခြင်းကို ပထမအချီအတွင်းမှာပင် အသီးသီး ခံခဲ့ကြရကြောင်း သိရှိရပါသည်။ ၎င်းတို့အနက် စောမင်းမင်းသည် ထိုင်းကစားသမား ဒက်ချာဝါလစ်ကို ပထမအချီ ၂၅ စက္ကန့်အတွင်း အမြန်ဆုံး အလဲထိုးခံခဲ့ရခြင်းဖြစ်ပြီး၊ လင်းထက်အောင်နှင့် စိုးနောင်ဦးတို့သည်လည်း ပထမအချီ ၁ မိနစ်မပြည့်မီနှင့် ၁ မိနစ်ကျော်အတွင်းမှာပင် အရှုံးပေးခဲ့ကြရခြင်းဖြစ်ကာ ယခုပွဲစဉ်သည် မြန်မာဖိုက်တာများအတွက် ရလဒ်ဆိုးရွားခဲ့သည့် ညတစ်ညဖြစ်ခဲ့ပါသည်။

news-view-count-icon

14