back

ရန်ကုန်ရွှေအသင်း တာဝန်ရှိသူများ ဖမ်းဆီးခံရပြီးနောက် ပြည်တွင်းအခေါက်ရွှေ အရောင်းအဝယ်များ ရပ်ဆိုင်းသွား

Feb 07 • 3:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်ရွှေအသင်း တာဝန်ရှိသူများ ဖမ်းဆီးခံရပြီးနောက် ပြည်တွင်းအခေါက်ရွှေ အရောင်းအဝယ်များ ရပ်ဆိုင်းသွား

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နှ...

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့အား ဖမ်းဆီးအရေးယူလိုက်ပြီးနောက် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ အရောင်းအဝယ်များ အားလုံးရပ်ဆိုင်းသွားကြောင်း သိရှိရပါသည်။လက်ရှိတွင် နာမည်ကြီးရွှေဆိုင်ကြီးများအပါအဝင် ရွှေဆိုင်အများစုသည် အခေါက်ရွှေ အရောင်းအဝယ်ကို ပိတ်ထားကြပြီး၊ ဆိုင်များတွင် ရွှေအသင်းမှ သတ်မှတ်ထားသည့် တစ်ကျပ်သား ၆၉ သိန်း ဝန်းကျင်ဈေးနှုန်းကိုသာ ဖော်ပြထားကြသော်လည်း ပြင်ပပေါက်ဈေးနှင့် ပတ်သက်၍ စုံစမ်းမေးမြန်း၍ မရနိုင်တော့သည့် အခြေအနေဖြစ်နေပါသည်။ ယခုကဲ့သို့ အသင်းတာဝန်ရှိသူများ ဖမ်းဆီးခံရမှုသည် ရွှေဈေးကွက်အတွင်း ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အရောင်းအဝယ်များအားလုံး တန့်သွားစေခဲ့ခြင်း ဖြစ်ပါသည်။

news-view-count-icon

33