back

ရန်ကုန်ဆေးတက္ကသိုလ်(၁) ရာပြည့် အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

Feb 06 • 3:56 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ဆေးတက္ကသိုလ်(၁) ရာပြည့် အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

ရန်ကုန်ဆေးတက္ကသိုလ် (၁) ရာပြည့် အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ရန်ကုန်ဆ...

ရန်ကုန်ဆေးတက္ကသိုလ် (၁) ရာပြည့် အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ရန်ကုန်ဆေးတက္ကသိုလ် (၁) သည် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်၌ နှစ် (၁၀၀) ပြည့်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံးအနောက်တိုင်းဆေးပညာကို စတင်သင်ကြားပို့ချခဲ့ကာ နိုင်ငံတော်အတွက် ဆေးပညာရှင်အမြောက်အများ မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။ယနေ့ ရန်ကုန်ဆေးတက္ကသိုလ် (၁) ရာပြည့် အကြို (၉၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဆေးတက္ကသိုလ် (၁) သမိုင်းကြောင်းနှင့် ပတ်သက်သည့် မှတ်တမ်းပြခန်းများ၊ ဆုရဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ နံရံကပ်စာစောင်များ ပြသထားသည့် ပြခန်းများအပြင် ဈေးရောင်းပွဲတော် (Funfair) အစီအစဉ်များဖြင့် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။



news-view-count-icon

14