ချန်ပီယံဧရာဝတီအက်ဖ်စီ ကစားသမားနှစ်ဦးဖြစ်ကြသည့် စန်းသော်သော်နှင့် ဖြူဖွေးတို့ကို ဖိလစ်ပိုင်ကလပ် Stallion Laguna ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ယင်းတို့ ၂ ဦးအား အာရှအမျိုးသမီးချန် ပီယံလိဂ် ကွာတာဖိုင်နယ် ယှဉ်ပြိုင်ကစားရန် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းက ကာလတို့အငှားဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် စန်းသော်သော်၊ ဖြူဖွေးတို့အနေဖြင့် မကြာမီကျင်းပတော့မည့် ဖိလစ်ပိုင်အမျိုးသမီးလိဂ်ပွဲစဉ်များနှင့် AFC Women Champion League ရှုံးထွက်အဆင့် (Knockout Stage) ကို Stallion Laguna အသင်းနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။၎င်းတို့ ၂ ဦးအား ဖိလစ်ပိုင်ကလပ် အသင်းဘက်က တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်သတ္တပတ်၌ ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြကာ ဧရာဝတီအက်ဖ်စီ၊ ကာယကံရှင်ကစားသမားတို့နှင့် အပြီးသတ် ညှိနှိုင်းသဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။



