နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ချောင်းမကြီးဆည်တွင် ဖေဖော်ဝါရီ (၈) ရက်နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်မည်ဖြစ်သဖြင့် နေပြည်တော်ရှိ ရုံးနှင့် အိမ်ရာများသို့ ရေပေးဝေမှု နောက်ကျမည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကြိုတင်အသိပေးနှိုးဆော်ထားသည်။ထို့ကြောင့် ရေသန့်စင်စက်ရုံအမှတ် (၁) မှ ရေပေးဝေနေရသည့် လွှတ်တော်ဝန်ထမ်းအိမ်ရာ၊ အိမ်တော်ဝန်ထမ်းအိမ်ရာတို့တွင် ရေပေးဝေမှုများ နောက်ကျမည်ဖြစ်ကြောင်း သိရသည်။



