မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကနေ တေးသံ ရှင် အောင်ခန့်ပိုင်ကို ဖေဖော်ဝါရီလ၆ရက်နေ့က ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ တေးသံရှင် အောင်ခန့်ပိုင်ဟာ Myanmar Star က ကမကထပြုတဲ့ အဆိုပြိုင်ပွဲ အစီအစဉ်မှာ MC အနေနဲ့ ပါဝင်ခဲ့ပြီး ကျင့်ဝတ်စည်းကမ်းများ လိုက်နာမှုမရှိဘဲ လက်လွတ်စပယ် စကားများ ပြောဆိုခဲ့တာကြောင့် ခံဝန်ကတိထိုးခိုင်းခဲ့ရတာလို့ သိရပါတယ်။



