ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး နှင်းအကြီးအကျယ်ကျဆင်းမှုနဲ့ အအေးလွန်ကဲမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ ဂျပန်မီးသတ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့ မနက် ၈:၃၀ နာရီအထိ Niigata ခရိုင်မှာ ၁၄ ဦး၊ Akita ခရိုင်မှာ ၇ ဦး၊ Yamagata ခရိုင်မှာ ၅ ဦး နဲ့ Hokkaido နဲ့ Aomori ခရိုင်တွေမှာ ၄ ဦးစီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်သူ တချို့အပါအဝင် တစ်နိုင်ငံလုံးမှာ စုစုပေါင်း လူ ၄၁၃ ဦး ဒဏ်ရာရခဲ့ပါသည်။



