ဂျပန်အာကာသအေဂျင်စီဟာ နိုင်ငံရဲ့ အဓိကကျတဲ့ ဒုံးပျံတွေထဲက တစ်ခုဖြစ်လာဖို့ မျှော်လင့်ထားတဲ့ Epsilon S အသေးစားဒုံးပျံအတွက် သူ့ရဲ့ တီထွင်ထုတ်လုပ်မှု အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ တရားဝင်ဆုံးဖြတ်လိုက်ပါတယ်။ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) က အရာရှိတွေဟာ ဗုဒ္ဓဟူးနေ့က သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အာကာသဆိုင်ရာ တီထွင်ထုတ်လုပ်ရေးနဲ့ အသုံးချရေးကော်မတီ အစည်းအဝေးမှာ အဲဒီပြန်လည်သုံးသပ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီတီထွင်ထုတ်လုပ်မှုအစီအစဉ်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါသည်။



