ထိုင်းနိုင်ငံ၊ ဖူးခက်က ပြင်သစ်နိုင်ငံသားတစ်ဦးဟာ ထိုင်းပြည်တွင်းသွားလာဖို့ လေဆိပ်မှာ လေယာဥ်ပေါ်တက်နေရင်း ကိုကိန်းအထုပ်တွေ ပြုတ်ကျလို့ ခရီးမရောက်၊ အချုပ်ထဲရောက်သွားပါတယ်။ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၆ မနေ့က သူဟာ လေဆိပ်က အိတ်စစ်တဲ့နေရာဖြတ်နေရင်း အထုပ် ၁၀ ထုပ်ကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီအထုပ်တွေက သူ့ဘောင်းဘီထဲက ထွက်ကျလာတာကိုလည်း CCTV မှတ်တမ်းအရ တွေ့ခဲ့ပါတယ်။ ဖူးခက်က သူ့အိမ်ကို သွားရောက်စစ်ဆေးတော့လည်း နောက်ထပ်ဆေးအထုပ်တွေ အများကြီးတွေ့ခဲ့ပြီး အခုဆိုရင်တော့ သူ့ကို ဥပဒေအတိုင်း အရေးယူဖို့ ချုပ်နှောင်ထားပါတယ်။ ကံဆိုးသူခမျာ လေယာဥ်ပေါ်မတက်လိုက်ရဘဲ သံတိုင်နောက်ကို မတော်တဆ ရောက်သွားတာပါ။



