သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၃ ဒသမ၀၅၇၄)တန်၊ သစ်မာ (၁၅ ဒသမ ၃၄၈၆) တန်၊ အခြား (၃၂ ဒသမ ၄၁၇၂)တန်၊ စုစုပေါင်း (၆၀ ဒသမ ၈၂၃၂)တန်၊ ယာဉ်/ယန္တရား (၂၆)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။



