ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ကတစ်ရက်အတွင်း သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေဆီကနေ သိရပါတယ်။ပထမ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄နာရီဝန်းကျင်အချိန် ရှမ်းရွာဘက်ရှိ အမှိုက်ပုံနားမှာ ခန့်မှန်းချေ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး လက်မှာဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အေးမြသာယာရပ်ကွက် လမ်းမကြီးနဘေးက တဲအိမ်ဆိုင်ခန်းလေးထဲမှာလည်း အမျိုးသားတစ်ဦး ထပ်မံသေဆုံးနေတာလို့ သိရပါတယ်။



