ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် အောင်လံမြို့နယ်၊ ကွမ်းလောင်း ကျေးရွာလမ်းပေါက်နှင့် ငါ့ပြင်းကျေးရွာလမ်းပေါက်ကြား အောင်လံ-ပြည်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးခဲ့ရာ အောင်လံမြို့ဘက်မှ ပြည်မြို့ဘက်သို့ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာနေ ဦးညီသိန်း(၄၃)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်ယဉ်မေ(၅၆)နှစ်၊ မခင်သီတာမိုးအောင်(၃၈)နှစ်နှင့် မောင်ခေတ်ဘုန်းခ (၅)နှစ်တို့သုံးဦး လိုက်ပါလာသော အိုးဝေသုံးဘီဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ဒေါ်ယဉ်မေနှင့် မခင်သီတာမိုးအောင်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးညီသိန်းနှင့် မောင်ခေတ်ဘုန်းခတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ညီသိန်းအား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



